ဈေးကွက်ဈေးနှုန်း

ပြင်ဦးလွင်စင်တာတွင် ဖရဲ၊ သခွားမွှေးပြည်ပတင်ပို့ရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပခြင်း

Last Updated:

     မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ မန္တလေး-လားရှိုး လမ်းမကြီးဘေး၊ ရေချမ်းအိုးရပ်ကွက်၊ ပြင်ဦးလွင်စင်တာတွင် ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ(၈)ရက်၊ စနေ နေ့၌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဦးအောင်စိုး၊ စားသုံးသူရေးရာဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးမြင့်လွင်တို့ ဦးဆောင် ပြီး သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံဖရဲ၊ သခွားမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ မြန်မာနိုင်ငံအဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင် မှုလုပ်ငန်းရှင်များအသင်း (မန္တလေး)၊ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အစုအဖွဲ့(ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ စစ်ကိုင်း) တို့မှ ဥက္ကဋ္ဌများ၊ တာဝန်ရှိ သူများ၊ ကိုယ်စားလှယ်များ တက်ရောက်၍ ဖရဲ၊ သခွားမွှေးနှင့် အခြားကုန်စည်များ မူဆယ်နယ်စပ်မှ တင်ပို့မှု အဆင်ပြေချောမွေ့ရေးနှင့် ပို့ကုန်မြှင့်တင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
     အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍသစ်တစ်ခုဖြစ်သည့် သစ်သီးဝလံဟင်းသီးဟင်းရွက်ကဏ္ဍအောက်ရှိ ဖရဲ၊ သခွားမွှေး ပြည်ပ တင်ပို့နိုင်ရေးကိစ္စနှင့်ပတ်သက်၍ လည်းကောင်း၊ ဝူဟန်ဗိုင်းရပ်စ်ကြောင့် တင်ပို့မှုအားနည်းနေသည့် မူဆယ်နယ်စပ်မှ တင်ပို့နေသော ဖရဲ၊ သခွားမွှေးသီးများ ရောင်း ချမှု အဆင်ပြေစေရေး၊ မူဆယ်နယ်စပ်မှ ရောင်းချမှုဆိုင်းငံ့နေချိန်တွင် ပြည်တွင်းဈေးကွက်များအတွင်း ရောင်းချနိုင်ရေးများကိုပါ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန